မုဒုံဘက်မှာ ကားလမ်းများ ရေကျော်နေ

ဇူလိုင်လ ၁၈ ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံမြိုနယ်၊ မော်လမြိုင်- သံဖြူဇရပ်သွားကားလမ်း နှီးပဒေါကျေးရွာအနီးတွင် ကားလမ်းမပေါ်သို့ ရေ ၂ ပေခန့် ကျော်တက်လျှက်ရှိသဖြင့် ကားကြီးများမှအပ သွားလာမှုမလုပ်နိုင်၍ တပ်မတော်သား၊ ရဲနှင့် ကျေးရွာမှ တာဝန်ရှိအဖွဲ့များ ပူးပေါင်းကာ ယာဉ်သွားလာနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။