စေတီတောင်တွင် AA တပ်ဖွဲ့ဝင် ဘင်များနှင့် ရခိုင်လူမျိုးများအကြား စကားများရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က AA ဒဏ်ရာရလူနာများကို ဆေးကုသပေးနေသည့် ဘူးသီးတောင်မြို့နယ်၊
စေတီတောင်ရွာနားရှိ AA ဆေးခန်းတွင် ဒဏ်ရာရလူနာအားကျွေးသည့် ဟင်းထဲတွင် ဝက်ဆီထည့်ချက်ထားသောကြောင့် ဘင်အဖွဲ
ခေါင်းဆောင်မှ ဟင်းထပ်မံချက်ပေးရန် ပြောသည့်အခါ ရခိုင်ခေါင်းဆောင်ဆိုသူမှ မချက်ပေးနိုင်ကြောင်းပြောကာ လူမျိုးရေးအရ
နှိမ့်ချသည့် စကားများဖြင့် ရိုင်းဆိုင်းစွာပြောသဖြင့် အချင်းချင်းစကားများကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံဘင်များထံမှ
သိရှိရပါတယ်။

သေဆုံးသူ ရခိုင်လူမျိုး ၁ ဦးအား ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း မြေမြုပ်ခဲ့သော်လည်း ဘင် ၂ ဦးကိုမူ အစ္စလာမ်ဘာသာအတိုင်း
မလုပ်ဘူးဘဲ မြေကျင်းတူးပြီးမြုပ်ခဲ့လို အချင်းချင်းကြားတင်းမာမှုတွေ ရှိနေတယ်လို သိရပါတယ်။