စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ နိုင်ငံတော်အစိုးရမှ လှူဒါန်းသော သုတ၊ ရသစာအုပ် ၃၅၀၀ အုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှလှူဒါန်းသည့် လူထုသိပ္ပံကျမ်းအတွဲ (၁/၂/၃) စာအုပ် ၃၀၀၀ အုပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်ဇနီးတို့ကပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထား သည့် စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။