စနစ်သစ်စာမေးပွဲမေးခွန်းပုံစံ(KG+12)အတန်းအတွက် ထုတ်ပြန်မယ်

ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂၀၂၃- ၂၀၂၄ပညာသင်နှစ်ကနေစပြီး စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲ (KG+12)အတန်းကို ပြုလုပ်ဖို့ရှိတာကြောင့် အဆိုပါစနစ်သစ်စာမေးပွဲ မေးခွန်းပုံစံကို ပညာသင်နှစ်မစမှီ မေလဆန်းမှာ ကြိုတင်လေ့လာဖို့ ထုတ်ပြန်ဖွယ်ရှိ ကြောင်း ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (KG+12)အတန်းရဲ့ဘာသာရပ်အလိုက်မေးခွန်းပုံစံနဲ့ မေးခွန်းနမူနာတွေကို လာမယ့်ဇွန်လ ကျောင်းဖွင့်ချိန်မတိုင်ခင် ထုတ်ပြန်တာဟာ ဆရာ၊ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကြိုတင်သိရှိပြီး သင်ကြားလေ့လာနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။