စစ်သားဆိုတာ

စစ်သားက စစ်ဆင်ရေးထွက်ပြီဆို
အသက်ရှင်မယ် မရှင်ဘူးဆိုတာ မသေချာ။

အသက်က တိုင်းပြည်အတွက်
ခံစားခွင့်က မိဘတွေအတွက်

ဒါ့ကြောင့် ယုံကြည်ချက်ကို
ရွက်လွှင့်တယ်…။

တိုက်ပွဲဝင်ဖူးတဲ့ စစ်သည်တိုင်းက
သေမှာကို မကြောက်ဘူး…။

အထက်က အမိန့်မပြတ်သားမှာကိုပဲ
ကြောက်တာ။

ရန်သူအင်အား ဘယ်လောက်များများ
တွေးမပူဘူးး…။

ရဲဘော်တို့ အထက်အမိန့်အရ ခွာစစ်
ဆိုတဲ့ စကားသံကို ကြားရင်တော့
အမုန်းဆုံးပဲ…။

စစ်ပွဲကို စစ်ပွဲလိုတူအောင်တိုက်ချင်တာ
စစ်သားတိုင်းရဲ့ ဆန္ဒပါ..။