ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် မြန်မာကစားသမား ရဲထက်အောင်

ဇွန်၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ထိုင်းနိုင်ငံ Khao Yai Country Club ၌ကျင်းပသည့် Thailand PGA Tour ၏ ပြိုင်ပွဲတစ်ခုဖြစ်သည့် SINGHA-SAT Nakhon Ratchasima Classic 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။
ရဲထက်အောင်သည် ယင်းပြိုင်ပွဲတွင် ၆၄+၆၆+၆၇+၆၄ ချက်၊ လေးရက်ပေါင်း ၂၆၁ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၂၃)ချက်လျော့ရိုက်ကာ ချန်ပီယံဆုနှင့်အတူ ထိုင်းဘတ်ငွေ ၂၄၀၀၀၀ ကိုရရှိခဲ့ကြောင်း သိရှိရပါတယ်။