စစ်ကိုင်း PDF ထံ လက်နက်ရောင်းချမည့်ပွဲစားများဖမ်းမိ

ဖေဖော်ဝါရီ ၂၂ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စစ်ကိုင်းတိုင်းအတွင်းက PDF များထံ လက်နက်ရောင်းချဖို့ စီစဉ်နေတဲ့ ပွဲစား ၂ ဦးကို ပစ္စတို ၂ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်..

ဖမ်းဆီးရမိသူတွေရဲ့ပြောကြားချက်အရ တန့်ယန်းမြို့နယ် မန်လွယ်ကျေးရွာရှိအိမ်တစ်အိမ်တွင် လက်လုပ်သေနတ်များ ပြုလုပ်နေကြောင်း သိရှိရပြီး သွားရောက်ဖမ်းဆီးရာ ၎င်းနေအိမ်အတွင်းကနေ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး-

-၃ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၉ မမ ပစ္စတို(ဒေသလုပ်) ၂ လက်

  • ၉ မမ ပစ္စတို(ဒေသလုပ်) ပြုလုပ်ဆဲ…၄ လက်
    -တူမီးလက်လုပ်သေနတ်…၅ လက်
    -လေသေနတ်(အရှည်)…… ၂ လက်
    -ကျည် ၈၀ တောင့်
    -ကျည်အိမ် ၂ ခု
    -လက်လုပ်သေနတ်ဆက်စပ်ပစ္စည်း ၅ မျိုး
    -လမ်းလျှောက်စကားပြောစက်(မကောင်း) ၁ လုံး
    -စိတ်ကြွဆေးပြား ၈၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်…