စစ်ကိုင်းမြို့နယ်၊ ကုန်းတန်းကျေးရွာအနီးတွင် PDF အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကုန်းတန်းကျေးရွာအနီးတွင် PDF များခိုအောင်းနေကြောင်း သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ-

  • PDF အလောင်း- ၂ လောင်း
  • လက်လုပ်သေနတ် -၃ လက်
  • လက်ပစ်ဗုံး -၃ လုံး
  • ကျည်မျိုးစုံ -၅၈ တောင့်
  • ကျည်အိမ် -၁ ခု
  • ယူနီဖောင်း ၂ စုံ
  • ဝါယာကြိုး -၁ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။