စစ်ကိုင်းတိုင်းအတွင်းရှိ PDF များအားတိုက်ခိုက်ရှင်းလင်း

ဇန်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာနှင့် ရွာမကျေးရွာ အနီးတဝိုက်တွင် အကြမ်းဖက် PDF များ ခိုအောင်းလှုပ်ရှားနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ နယ်မြေအသေးစိတ် ရှင်းလင်းဆောင်ရွက်စဉ် ရွာမကျေးရွာအနီးတွင် ထိတေွ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ –
(၁) အကြမ်းဖက် PDF ၄ လောင်း
(၂) လက်လုပ်သေနတ်(အရှည်) ၂ လက်
(၃) လက်လုပ်သေနတ်(အတို) ၃ လက်
(၄) ၉ မမ ကျည် ၅ တောင့်
(၅) ၅.၅၆ မမကျည် ၉၈ တောင့်
(၆) ၁၂ ဗို့ကျည် ၂၆ တောင့်
(၇) အမ်-၂၂ ကျည် ၁၅ တောင့်
(၈) လက်လုပ်ကျည်အိမ် ၅ ခု
(၉) တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး
(၁၀) လက်လုပ်လက်ပစ်ဗုံး ၃ လုံး
(၁၁) မှန်ပြောင်း ၁ လက်
(၁၂) ပြောက်ကျားယူနီဖောင်း ၂ စုံ
(၁၃) ပြောက်ကျားဦးထုပ် ၂ လုံး
တို့အား သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။