စက်စဲကမ်းခြေတွင် ဒီရေမြင့်တက်ကာ နေအိမ်အချို့ပျက်စီး

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊စက်စဲကျေးရွာရှိ စက်စဲကမ်းခြေတွင် စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်(ယနေ့)တို့တွင် ဒီရေမြင့်တက်ကာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းစပ်ရှိရေထိန်းနံရံနှင့်နေအိမ် ၂၃ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။