ကြည့်မြင်တိုင်တွင် YBS အတိုက်ခံကာ အဆုံးစီရင်ခဲ့သည့် အမျိုးသား အသက်မသေဘဲ ရှင်သန်

မတ်လ ၁၉ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် YBS ၂၃ ယာဥ်ရှေ့ အမျိုးသားတစ်ဦးက အတင်းဝင်ရောက် အတိုက်ခံကာ အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း YBS ယာဥ်မောင်းက အချိန်မီရှောင်တိမ်းနိုင်သဖြင့် အသက်မသေခဲ့ကြောင်း ထိုလူနာကို ဆေးရုံပိုပေးခဲ့သည့် ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အမျိုးသားက အသက် ၆၀ ကျော်လောက်ရှိမယ်။ သူက YBS အရှေ့ကို ပြေးမဝင်ခင် ရှေ့ကား ၂ စီးလောက်ကိုလည်း အဲဒီလို လုပ်နေလို သူ့ကို မသင်္ကာတာနဲ့ နောက်ကနေ အိမ်စီးကားတစ်စီးက တောက်လျောက် လိုက်ကြည့်ရင်း ဖုန်းနဲ့ မှတ်တမ်းယူဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့်မို တိုက်မိတဲ့ YBS ယာဥ်က ယာဥ်မောင်း သက်သာနိုင်မယ် ထင်ပါတယ်”ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ဦးသန်းထိုက်အောင်က ပြောသည်။

YBS 23 ယာဥ်လိုင်းမှ ယာဥ်မောင်းက အလျင်အမြန်တိမ်းရှောင်နိုင်ခဲ့သောကြောင့် အဆိုပါအမျိုးသားတွင်
ဦးခေါင်းဒဏ်ရာ (မစိုးရိမ်ရ)သာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို တင်ခဲ့ကြောင်းသိရသည်။

ယာဥ်တိုက်ခံရသူ အမျိုးသား မှာ အမည်၊ နေရပ်လိပ်စာ မသိရှိရသေးကြောင်းနှင့် မေးမြန်းရာတွင်လည်း သူ့ကိုယ်သူ “ကျွန်တော် မသေသေးဘူးလား” ဆိုသည့် စကားမှလွဲ၍ ကျန်သည်ကို မေးမြန်းမရသေးကြောင်းလည်း အထက်ပါတာဝန်ရှိသူက ပြောကြားမှုအရ သိရသည်။

(MT News)