ကျန်းမာရေးနှင့် အလှအပ

 

ရေမွှေးဆွတ်မယ်ဆို ဘယ်နေရာကို ဆွတ်သင့်လဲ ?


ရေမွှေးဆွတ်မယ်ဆိုရင် လက်ကောက်ဝတ်၊ တံတောင်ဆစ် အကွေးနဲ့ နားနောက်ဘက် စတဲ့နေရာတွေမှာ ရေမွှေးဆွတ်ပြီး သဘာဝအတိုင်း ခြောက်အောင် ထားပြီးမှ အင်္ကျီဝတ်သင့်ပါတယ်။ အဲ့နေရာလေးတွေကို ဆွှတ်မယ်ဆိုရင် ရေမွှေးရနံဟာ အချိန်ကြာကြာ စွဲထင်ကျန်နေမှာ ဖြစ်သလို ဆွဲဆောင်မှုလည်း ရမှာပါ။

 

 

ဆံသား ပျက်စီးမှု မရှိအောင် ခေါင်းလျှော်ပြီးရင် ဆံပင်ကို ဘယ်လိုသုတ်သင့်လဲ ?

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားကို တပတ်နဲ့ပွတ်ပြီး ရေသုတ်တာဟာ ဆံသားရဲ့ အပေါ်ယံလွှာကို ပျက်စီး စေနိုင်ပါတယ်။
ရေစိုနေတဲ့ ဆံသားတွေကို တပတ်နဲ့ပတ်ပြီး တဘက်ကို လက်နဲ့ဆုပ်ကာ ရေညှစ်ချသင့်ပါတယ်၊ တဘက်အစား၊ တီရှပ် အဟောင်းတစ်ထည်နဲ့လည်း
ပြုလုပ်နိုင်ပါတယ်။

ဝက်ခြံကို လက်သည်းနဲ့ ဆိတ်တာ မှန်သလား?

ဝက်ခြံကို လက်သည်းနဲ့ ဆိတ်ခြင်းက မှားပါတယ်။
လက်နဲ့ ကုတ်တာ၊ ညှစ်တာ၊ ဆိတ်တာတွေက အရေပြားထဲ ပိုးဝင်နိုင်ခြေများပြီး အမာရွတ်အဖြစ် ကျန်ရှိစေပါတယ်။
ဝက်ခြံပေါက်တာ မသက်သာဘဲ ဆိုးရွားလာခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

နေရောင်ခံခရင် မလိမ်းဘဲ အပြင်ထွက်ရင် အရေပြားကို ပျက်စီးစေသလား?

နေရောင်ခံခရင် မလိမ်းတာဟာ အလှအပကို ပျက်စီးစေပါတယ်။ နေရောင်မှာပါတဲ့ ခရမ်းလွန် ရောင်ခြည်က အရေပြားမှာ အစက်အပျောက်တွေ ဖြစ်စေပါတယ်။
နေရောင်ခံခရင်ကို နေရောင်ခြည်နဲ့ အများဆုံး ထိတွေ့နိုင်တဲ့ မျက်နှာ၊ နားရွက်၊ လက်၊ ရင်ဘတ်၊ နုတ်ခမ်းနေရာတွေကို နေ့စဉ်လိမ်းပေးသင့်ပါတယ်။
အိမ်အပြင် မထွက်ခင် နာရီဝက် ကြိုလိမ်းသင့်ပါတယ်။

မိတ်ကပ် မဖျက်ဘဲ အိပ်စက်လို့ရလား?

မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း မပြုသင့်ပါဘူး၊
အိမ်ရောက်တာနဲ့ ရေမချိုး၊ မျက်နှာမသစ်၊ ကိုယ်လက်သန့်စင်မှု မပြုဘဲ အိပ်စက်တာက မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေကာ ဝက်ခြံဖြစ်စေပါတယ်။

အိုင်းလိုင်နာကို ဘယ်လိုအရောင်တွေ ဆိုးသင့်လဲ?


မျက်ခွံအောက် အတွင်းဘက်ကို အိုင်းလိုင်းနာ မဆိုးသင့်ပါဘူး။ အိုင်းလိုင်နာ ဆိုးလိုက်တာကြောင့် မျက်ဝန်းတွေ ကျဉ်းသွားသလိုဖြစ်စေပါတယ်။
အိုင်းလိုင်နာ အရောင်ကို မီးခိုးရောင်၊ အညိုရောင်၊ နက်ပြာရောင်တွေကို သုံးတာက ကိုယ့်မျက်ဝန်းတွေကို ဆွဲဆောင်မှု ရှိစေပါတယ်။

လက်သည်းကို ဘယ်လိုညှပ်သင့်လဲ?

လက်သည်းညှပ်တဲ့အခါ လက်သည်းရဲ့ ထောင့်စွန်းလေးတွေကို လက်သည်းမှာပါတဲ့ တံစဥ်းလေးနဲ့ တိုက်တဲ့အကျင့်ကို အများစုက လုပ်တတ်ပါတယ်။
ခြေသည်းကို တံစဥ်းလေးနဲ့ လားရာတစ်ဖက်တည်း တိုက်တာမျိုး မဟုတ်ဘဲ ရှေ့တိုးနောက်ဆုတ်တိုက်တာမျိုးက လက်သည်းခြေသည်းတွေကို အားနည်းစေပြီး ကျိုးပြတ်မှုကို ဖြစ်စေပါတယ်။

crd