ရဲစွမ်းသတ္တိပြည့်ဝတဲ့ ပွိုင့်-၁၆၀၅ စခန်းမှ စစ်သည်တော်များ

ပွိုင့်-၁၆၀၅ စခန်းဟာ မြင့်မားမတ်စောက်ပြီး အတက်/အဆင်းကြမ်းတမ်း လှပါတယ်။ နေ့စဉ်မနက် ၁၀ နာရီနောက်ပိုင်းမှသာ နေရောင်မြင်ရပြီး ညနေ ၃ နာရီ လောက်ဆို မြူတွေအုံ့ဆိုင်းနေတတ်တဲ့တောင်ကုန်း။ ဒီစခန်းကိုရောက်ဖို့ မရပ်မနားဘဲ တက်မယ်ဆိုရင်တောင် ၆ နာရီလောက်ကြာအောင်တက်မှရမယ်။ လူသူအရောက်၊ အပေါက်နည်းတယ်။ ဒါပေမယ့် အဲဒီစခန်းက စစ်ဗျူဟာအရ အရေးကြီးလှပါတယ်။

ပွိုင့်-၁၆၀၅ စခန်းကို ဇွန်လ ၂၀ ရက်(မနေ့က) နေ့လည် ၂ နာရီလောက်မှာ KIA/PDF အကြမ်းဖက်အဖွဲ့တွေက အင်အားနဲနဲလေးပါဆိုပြီး အပိုင်တွယ်ပါတယ်။ ဒါပေမယ့် စခန်းမှာရှိတဲ့ အရာရှိ/ စစ်သည်တွေဟာ တိုက်ရည်ခိုက်ရည်ရှိတဲ့၊ စစ်ရေး အတွေ့အကြုံရှိတဲ့သူတွေဆိုတာရယ်၊ ရှေ့ထွက်မိုင်းတွေ ခင်းထားတယ်ဆိုတာရယ်၊ ခံစစ် ဥပဒေသနဲ့အညီဆောက်ထားတဲ့ ဆက်သွယ်ရေးမြောင်းတွေ/ ဘန်ကာတွေ ရှိတယ်ဆိုတာ ရန်သူတွေ မသိလိုက်ဘူး။ စုရုံးတစ်စိတ်လောက်ပဲရှိတဲ့စခန်းကို ၁၀ ဆသာတဲ့ အင်အား ၁၀၀ ကျော်နဲ့ နေ့လည် ၂ နာရီကနေ ည ၇ နာရီထိ ၃ ကြိမ်တိုင်တိုင် တက်လုံးတယ်။ မရပါဘူး။

ရန်သူလာတိုက်တဲ့အချိန် စစ်သည်တွေဟာ ပတ်လည်နေရာယူလိုက် တယ်။ စခန်းအရှေ့ဘက်ခြမ်းကို CQ ကြီး အောင်ဝင်း က တာဝန်ယူပြီး စခန်းရဲ့ အနောက်ဘက်ခြမ်းကိုတော့ ဗိုလ်ကြီး ဝဏ္ဏ က တာဝန်ယူထားတယ်။ ရန်သူဟာ တရုတ် စက်လက်၊ ၄၀ မမ၊ RPG တို့နဲ့ အဆက်မပြတ်ပစ်နေသလို စခန်းကို တက်လုံးတဲ့ အဖွဲ့ကလည်း တက်လုံးတယ်။

ဒါပေမယ့် ခေါင်းဆောင် ၂ ယောက် ပျာယာမခတ်ဘူး။ တည်ငြိမ်တယ်၊ သွေးအေးတယ်၊ ပစ်ခတ်မှုကို ထိန်းတယ်၊ ရန်သူကိုမြင်မှ တစ်တောင့်ချင်းပစ်ခိုင်း တယ်။ ပင်မတပ်နဲ့ ဆက်သွယ်မှုမပြတ်ယူထားတယ်။ တပ်မှူးကလည်း ဖုန်းဖွင့်ခိုင်းပြီး တိုက်ပွဲကို အနီးကပ်ကွပ်ကဲပေးတယ်။ တပ်နယ်ကလည်း ၁၂၀ ပစ်ကူပေးတယ်။ ဆက်သွယ်မှုကောင်းတဲ့ အတွက် အချိန်တိုအတွင်း လေကြောင်းပစ်ကူပေးပြီး စခန်းပတ်လည်ကို ဗုံးကြဲပေးတယ်။ အဲဒါကြောင့် ရန်သူဟာ ခြံစည်းရိုးနားလောက်မှာ တိုက်စစ်အဟုန်ရပ်သွားပြီး လေယာဉ် နောက်တစ်ခေါက် ဗုံးကြဲလိုက်တော့မှ လန်ကျပြီး ပြေးသွားကြတယ်။

တိုက်ပွဲအတွင်းမှာ ရန်သူနဲ့ဘယ်လောက်နီးကပ်သွားသလဲဆိုရင် “ငါတို့ ဗိုလ်ကြီး ကျသွားပြီ .. သူ့ကို ရအောင်ဆွဲထုတ်” “မင်းတို့ကိုသင်ပေးထားတာ .. အဲ့လိုမဟုတ်ဘူး” ဆိုတဲ့ ငြီးတွားသံတွေ၊ အားမလို အားမရဖြစ်တဲ့အသံတွေပါ ကြားနေရပါတယ်။

မနက် ၄ နာရီမှာ စစ်ကူတပ်တွေ ရောက်ရှိလာပြီး နယ်မြေလိုက်ရှင်းနေပါတယ်။ ၂ လောင်း၊ ၂ လက် ရထားတယ်သိရပြီး ဆက်ရှင်းနေဆဲ၊ ဗုံးဒဏ်ကြောင့် သစ်ပင်တွေ အပိုင်းပိုင်းပြတ်လို့ သွေးစ/အသားစတွေ တွေ့နေရပါတယ်။

တိုက်ပွဲမှာ စခန်းရဲ့အရှေ့ခြမ်းကို တာဝန်ယူကွပ်ကဲနေတဲ့ ခေါင်းဆောင် CQ ကြီးကတော့ အီနာဂါတက်ပစ်ရင်း သူရဲကောင်းပီသစွာ၊ မြင့်မြတ်စွာဖြင့် ကျဆုံးသွားခဲ့ရပါတယ်။

ဒီတိုက်ပွဲမှာ ဆက်သွယ်မှုမပြတ်တောက်သွားလို့ လေကြောင်းပစ်ကူကို အချိန်မီ ပေးနိုင်ခဲ့တယ်။ ဒါကြောင့် စခန်းတိုက်ခံရပြီဆိုရင် ရန်သူအင်အား ဘယ်လောက် များများ ၃ နာရီလောက်သာ တောင့်ခံပေးထားပါ။ တိကျတဲ့ပစ်ချက်တွေနဲ့ လေသူရဲကောင်းတွေ အချိန်တိုအတွင်း ရောက်လာပါလိမ့်မယ်။

“ငါမသေ .. ငါ့စခန်း မကျစေရ”ဆိုတဲ့ စိတ်ဓာတ်ဆိုတာ ဒါမျိုးကို ခေါ်တာဖြစ်လိမ့် မယ်လို့တွေးတောရင်း ပွိုင့်-၁၆၀၅ စခန်းမှ အရာရှိ/ စစ်သည်များကို ဒီ Post လေးနဲ့ ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။