ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့

စက်တင်ဘာ ၁၄ ရက်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံမြို့အတွင်း တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဆီလီဒုံးရွာသို့အရောက် နေရာ ၂ နေရာမှ KNPP နှင့် အကြမ်းဖက်သမား ပူးပေါင်းအင်အား ၄၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ-
-အကြမ်းဖက်သမားအလောင်း ၂ လောင်း
-လက်လုပ်သေနတ် ၁ လက်
-ကျည် ၇ တောင့်
-စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ဟု သိရပါတယ်…