ဧပြီလ ၄ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

မိုးမောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျောက်စခန်းအနီးသို့ အရောက် နေရာ ၄ နေရာမှ KIA နှင့် အကြမ်းဖက်အင်အား ၁၄၀ ဦးခန့်က Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့ နယ်မြေခံတပ်ရင်းသို့ KNPP/KNDF နှင့် အကြမ်းဖက်အင်အား (စိစစ်ဆဲ) အဖွဲ့က Drone ၊ စနိုက်ပါတို့ဖြင့် ၁ ကြိမ်၊ အင်အား ၃၀ ဦးခန့်က Drone ၊ လက်နက်ကြီး/ငယ်များဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ဖားဆောင်းမြို့ကို တိုက်ခိုက်နေသော KNDF /PDF အဖွဲ့များ အထိအခိုက်အကျအဆုံး များနေသဖြင့် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းမလုပ်နိုင်ဘဲ အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ drone အသုံးပြုတိုက်ခိုက်ခြင်းမျိူးသာ ဆောင်ရွက်လျက်ရှိ။

မိုးဗြဲမြို့ နယ်မြေခံတပ်ရင်းတစ်ဝိုက်နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ KNDF နှင့် အကြမ်းဖက်အင်အား ၄၀ ဦးခန့်နှင့် ၁ ကြိမ်၊ ဆက်လက်ရှင်းလင်းစဉ် အင်အား(စိစစ်ဆဲ) အဖွဲ့က Drone ၂ စီး၊ ဗုံးသီး ၄ လုံးဖြင့် ၁ ကြိမ်၊ ပေါင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့။

ကရင်ပြည်နယ်

ကော့ကရိတ်မြို့၊ မြို့မဘုရားအနီး လုံခြုံရေးနေရာသို့ KKO(ခွဲထွက်)နှင့် အကြမ်းဖက်အင်အား ၄၀ ဦးခန့်လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

ကော့ကရိတ်မြို့ နယ်မြေခံတပ်ရင်းများသို့ လာရောက်တိုက်ခိုက်သော KNLA နှင့် PDF များအား တပ်မတော်မှ Counter drone များဖြင့် ပြန်လည်တိုက်ခိုက်လျက်ရှိ။

ဖာပွန်မြို့ နယ်မြေခံတပ်ရင်းသို့ KNLA တပ်မဟာ(၅)၊ ရင်း(၁၀၂) နှင့် အကြမ်းဖက်အင်အား ၅ ဦးခန့်က လက်ဖြောင့်သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

တနင်္သာရီတိုင်း

လုံခြုံရေးတပ်ဖွဲ့များ ထားဝယ်-မေတ္တာလမ်းကြောင်းအား နယ်မြေရှင်းလင်းစဉ် ဆန်းချီကျေးရွာအနီးသို့အရောက် PDF အကြမ်းဖက် ၁၅ ဦးခန့်အားတွေ့ရှိသဖြင့် စတင်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

PDF ၁ လောင်း၊ ကျည်အိမ် ၇ ခု၊ ကျည် ၉၁၂ တောင့်၊ ပစ်ကျင်း ၆ ကျင်း၊ မြေခွေးကျင်း ၁ ကျင်း သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

ဖောင်းပြင်မြို့နယ် ကျွန်းကုန်းကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၂ နေရာမှ PDF အကြမ်းဖက် ၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ပဲခူးတိုင်း

ရွှေကျင်မြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းအနီး မသင်္ကာဖွယ်ရာ လှုပ်ရှားမှုတွေ့ရှိသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ-

အကြမ်းဖက် ၁ လောင်း၊ အမ်အေ(၃) ၁ လက်၊ ကျည် ၁၆ တောင့်၊ ကျည်အိမ် ၁ ခု တို့ သိမ်းဆည်းရမိခဲ့။