ကောင်းသောနေ့ပါ

ကိုယ့်ကိုယ်ကို အသက်ရှည်လေ…
ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ဘာလုပ်ရမလဲ..


မိမိသန္တာန် မှာ ရှိတဲ့ အကုသိုလ် တရား တွေ ဖယ်ရှားဖို ကြိုးပမ်းနေရမှာ ဖြစ်တယ်။

မဖြစ်သေးရင် မဖြစ်အောင် ဆိုပိတ် ရမယ်။

ဖြစ်လာလို ရှိရင် ဖယ်ရှားဖို ကြိုးစားရမယ်။

မဖြစ်သေးတဲ့ ကုသိုလ်တွေ၊ မဖြစ်သေးတဲ့ ကုသိုလ်ဆိုတာ ဒါနကောင်းမှု မလုပ်သေးဘူး ဆိုရင် လုပ်မိအောင် ကြိုးစား။

သီလ မဆောက်တည် သေးဘူး၊ ငါးပါးသီလ မလုံသေးဘူးဆိုရင် လုံအောင်ကြိုးစား။

ဥပုသ် မစောင့်ဘူးဆိုရင်စောင့်ဖြစ်အောင် ကြိုးစား။

ကမ္မဋ္ဌာန်းဘာဝနာအားမထုတ်ရသေးဘူး ဆိုရင် အားထုတ်ဖြစ်အောင်ကြိုးစား။

မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ ဖြစ်အောင်လုပ်။

ဖြစ်ပြီးသား ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ တိုးပွားစေအောင် အမြဲ လုပ်နေရမှာ ဖြစ်တယ်။

လောက လူတွေက တိုးပွားအောင် ဘာတွေ
လုပ်တုန်း ဆိုတော့ ငွေကြေးဓန တိုးပွားအောင်
ကြိုးစားကြတယ်လေ။

ကိုယ့်မှာ သိန်းတစ်ရာ ရှိရင် နှစ်ရာရှိအောင်၊နှစ်ရာ ရှိရင် သုံးရာ ရှိအောင် ဒီလိုကြိုးစား ကြတယ်။

ကုသိုလ် ရေးရာနဲ့ ပတ်သက်ပြီးတော့ အဲဒီလို ကြိုးစားမှု ကမှ တကယ်တန်ဖိုးရှိတယ်လို ဆို ရ မယ်။

ပစ္စည်းဥစ္စာ တွေ ဘယ်လောက်ချမ်းသာ ချမ်းသာ သေရင် အားလုံး ထားခဲ့ရမှာဖြစ်တယ်။

မသေခင် ကာလလေးမှာပဲ အသုံးချလိုရတာ။

တကယ့် တန်ဖိုး အစစ် မဟုတ်ဘူး။

တကယ့် တန်ဖိုးအစစ်က ကိုယ်လုပ်တဲ့ ကုသိုလ် ကောင်းမှု တွေသာလျှင် တကယ့် တန်ဖိုးအစစ်ပါ။

အဲဒီတော့ “အသက်ရှည်လေ ပိုကောင်းလေ”
ဖြစ်အောင်…

တိုတတွေဟာ နေ့စဉ်နဲ့အမျှ ကုသိုလ်တစ်ခုကို
လုပ်မိနေအောင် ကြိုးစားအားထုတ်ဖို လိုအပ် တယ်။

ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်…

ငါ့မှာ ငါးပါးသီလ ပြည့်ပြည့်ဝဝလုံရဲ့ လား။

ဒေါင်ဒေါင်မြည်ဖြစ်ပြီလား။

ကိုယ့်ကိုယ်ကို စဉ်းစား။

မဖြစ်သေးရင် ဖြစ်အောင်လုပ်။
ဒီလိုကြိုးစားအားထုတ်ရမယ်၊

အဲဒီလို ကြိုးစားအားထုတ်လို ငါးပါး ကနေ ရှစ်ပါး ထိအောင် တိုးပြီး စောင့်ရှောက်။

ရှစ်ပါး ကနေ ဆယ်ပါး၊ အခုလို တိုးတက် ပွားများ လာအောင်ကုသိုလ်တရားကို ကြိုးစား အားထုတ် ရမှာ ဖြစ်တယ်။

အဲဒီလို ကြိုးစားအားထုတ် သူရဲ့ အသက် ရှည် မှု က သာလျှင် “အသက်ရှည်လေ ပိုကောင်းလေ”လို ဒီလိုပြောတာ။

အဲဒီလို မလုပ်ဘဲနဲ့ စားဝတ်နေရေးနဲ့ပဲတစ်နေ့တာ အချိန်ကုန်တယ်။စားစရာရှာတယ်။နေစရာ ရှာတယ်။ဝတ်စရာရှာတယ်။

ဒါတွေနဲ့ပဲ အချိန်ကုန်နေတာ။ ကြိုးစားအားထုတ်ရာ မရောက်ဘူး၊

သေရင် အကုန်လုံး ထားပစ်ခဲ့ရတာ ဖြစ်သော
ကြောင့် ကိုယ့်အတွက် ဘာတန်ဖိုးမှ မရှိဘူး၊ ဒီလို ဆိုလိုတယ်။

အဲဒီတော့ ကိုယ့်မှာ တန်ဖိုးရှိတဲ့ အရာတွေရသွားမှ “အသက်ရှည်လေ ပိုကောင်းလေ” ဖြစ်မှာ။

လူတိုင်း လူတိုင်းမှာ အသက်ရှည်လေ
ပိုကောင်းလေ မဖြစ်ဘူး။

အကုသိုလ်တွေ မရှောင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊

အကုသိုလ်တွေကို မတွန်းလှန်ဘဲနဲ့ အကုသိုလ် တွေရဲ့ နောက်ကို လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ

“အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးလေ၊အသက် ရှည်လေ အပြစ်တွေက ကြီးလာလေ” ဒီလို ဖြစ် မှာ။

ဒါကြောင့်မို သူတို အတွက်တော့အသက် ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး။

ဒါကိုသတိထားပြီးတော့ ဘုန်းကြီး တိုတတွေ ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ