မျက်မမြင်ကျောင်းသားကျောင်းသူ(၅)ဦး ထူးချွန်စွာအောင်မြင်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မျက်မမြင်ကျောင်းသား၊ကျောင်းသူ(၅)ဦး ထူးချွန်စွာအောင်မြင်ခဲ့ ကြောင်းမြန်မာနိုင်ငံမျက်မမြင်များအသင်းမှသိရသည်။

ဘဝသစ်မျက်မမြင်ကျောင်း (မိတ္တီလာ) မှ မျက်မမြင်ကျောင်းသားကျောင်းသူ ဖြေဆိုသူ ၂ ဦးရှိသည့်အနက် အောင်မြင်သူ ၁ ဦး၊ ခဝဲခြံမျက်မမြင်ကျောင်း (ရန်ကုန်) မှ ဖြေဆိုသူ ၇ ဦးရှိသည့်အနက် အောင်မြင်သူ ၄ ဦးရှိပြီး တစ်ဦးမှာ ဘောဂဗေဒဘာသာရပ်ဖြင့် ဂုဏ်ထူး ၁ ဘာသာရရှိကာ အသီးသီးအောင်မြင်ခဲ့ကြခြင်းဖြစ်သည်။