အသားစားနွားများ ကြီးထွားမှုနှေးကွေးရ​ခြင်း အကြောင်းရင်း

အမဲသားစျေးကွက်အလားအလာ ပိုမိုကောင်းမွန်လာတာနဲ့အမျှ ပိုမိုများပြားတဲ့ မွေးမြူရေးလုပ်ငန်းရှင်များက
အသားစားနွားများ မွေးမြူလိုလာကြပါတယ်။ သို့သော် အချို့မွေးမြူသူများက မိမိမွေးမြူသော နွားမှာ
ကြီးထွားမှု နှောင့်နှေးနေတယ်လို့ ထင်မြင်ကြပါတယ်။
နွားတွေဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကတော့
၁။ ကျွေးစာ အများအပြားကျွေးမိခြင်း
နွားစျေးကောင်းမွန်ပြီး ကောင်းမွန်သော စျေးကွက်အခြေအနေကို အမီမလိုက်နိုင်မည်ကို စိုးရိမ်သည့်အပြင် မိမိ၏ နွားများ၊
ကျွေးစာများ စားသုံးပြီး အသားများများထွက်ရန် မျှော်လင့်သောကြောင့် အရည်အသွေးမြင့် ကျွေးစာများကို ပိုမိုထည့်ကျွေးလေ့ရှိပါတယ်။
အကယ်၍ နွားကို ရုတ်တရက် ကျွေးစာပမာဏ တိုးမြှင့်လိုက်ပါက အသားစားနွားများ အရည်အသွေးမြင့်ကျွေးစာ အများအပြား
စားသုံးခြင်းကြောင့် အစာအိမ်လေထိုးခြင်း၊ အက်ဆစ်အဆိပ်တက်ခြင်းစသည့် အစာချေစနစ်ရောဂါများ ဖြစ်ပွားတတ်ပါတယ်။
ဒါဟာ အသားစားနွား၏ကြီးထွားမှုအပေါ် အဟန့်အတားဖြစ်စေပါတယ်။
၂။ နွားအမျိုးအစားကြောင့် ဖြစ်ခြင်း
မတူညီသော နွားအမျိုးအစားများ၏ အလေးချိန်တိုးနှုန်း၊ အရွယ်အစား၊ အသားထွက်နှုန်း၊ ကျွေးစာပြောင်းလဲနှုန်းနှင့် ကျွေးမွေးကာလ
စသည့် အခြေအနေများ မတူညီကြတာကြောင့် ဖြစ်ပါတယ်။
၃။ ပိုးသတ်ခြင်း
ကပ်ပါးကောင်များသည် အသားစားနွားကြီးထွားမှုကို နှောင့်နှေးစေပြီး အခြားရောဂါများလည်း ရရှိစေတတ်ပါတယ်။
ထို့ကြောင့် အသားစားနွားအား လျင်မြန်စွာကြီးစေလိုလျှင် သန်ချဆေးကို သင့်လျှော်စွာအသုံးပြုရပါမယ်။ နွားမွေးမြူရေးခြံများတွင်
နည်းစနစ်ကျသည့် သန်ချလုပ်ငန်းငန်းစဉ်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။
၄။ ရောဂါဖြစ်ပွားမှုများခြင်
အသားစားနွား ဝဖြိုးစဉ်ကာလတွင် ရောဂါဖြစ်ပွားမှုများသော နွားမွေးမြူရေးခြံ၌ နွား၏ပျှမ်းမျှအလေးချိန် တိုးမြှင့်နှုန်းမှာ
မလျင်မြန်ပါ။ အဘယ်ကြောင့်ဆိုသော် ရောဂါဖြစ်ပွားချိန်တွင် နွားသည် အလေးချိန်တိုးမြင့်မည် မဟုတ်သည့်အပြင်
အလေးချိန်ပင် လျော့ကျသွားနိုင်ကြောင်း သိရပါတယ်။

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)