ကုသိုလ်ဆိုတာ..?

မြန်မာလူမျိုး တွေ အပြောအဆို ရှိကြတယ်။

“ဟေ့…ကုသိုလ်ရတယ်” လို့။

ကဲ…“ကုသိုလ် ရတယ်ဆိုတာ ဘာဟာကို ပြောတာတုန်း။

ပိုက်ဆံရတယ် ဆိုရင်တော့ သိတယ်။

လက်ထဲမှာ ပိုက်ဆံတွေ တစ်ထုပ်ကြီး ရသွားတယ်။

ငွေရတယ်ဆိုရင် သိတယ်နော်။

ကုသိုလ်ရတယ်ဆိုတာ ကျတော့ ဘယ်လိုရတာတုန်း။

ကုသိုလ်ဆိုတာ ဘယ်လိုဟာတုန်းလို့ စဉ်းစားဖို့
လိုတယ်နော်။ ။

ကုသိုလ် ဆိုတာ ပါဠိ “ကုသလ” ဆိုတဲ့ စကားကလာတာ။

“ကုသလ”ဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုပြီး “ကုသိုလ်” ဖြစ်လာတာ။

ဒီ စကားလုံးလေးကို အဓိပ္ပာယ်မပြန်ဘဲနဲ့ ကုသိုလ်လို့ ဆိုထားတာ။

အဲဒီတော့ ဒီစကားလုံးလေးကို အဓိပ္ပာယ်ရှင်းပြရမယ်ဆိုရင် “ကု” ရယ်၊ “သလ” ရယ် နှစ်မျိုး ခွဲလိုက်ပါ။

ကု” ရဲ့ အဓိပ္ပာယ်က “အဆိုးတရား” များတဲ့။

သလ” ဆိုတာ “ဖယ်ရှားဖျက်ဆီး နိုင်တဲ့ သဘောတရား”။

“အဆိုးတရား တွေကို ဖယ်ရှား နိုင်တဲ့ အရာကို ကုသိုလ်” လို့ ခေါ်တာနော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ