ဇွန်လ ၁၆ ရက်နေ့ မှုခင်းသတင်းများ

-ဇွန်လ ၁၅ ရက် မနက်၁၀၀၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မရပ်ကွက်အတွင်း၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် ဦးကျော်ကျော်နိုင်(၄၀) နှစ်တွင် ဝဲနားထင်၊‌ နောက်စေ့၊ ယာနားထင် ပေါက်ပြဲ ဒဏ်ရာ (စိုးရိမ်ရ)၊ ဦးတင်အောင်ကျော်(၂၈)နှစ်တွင် ကျောကုန်း၊ ဝဲ/ယာ လက် မောင်း၊ ယာပေါင်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး အနီးဝန်းကျင်ရှိ မောင်စနေမောင်မောင် (ခ) နေလင်းထွန်း(၂၀) နှစ်တွင် ယာမျက်လုံး/နားထင်၊ လည်ပင်း၊ ဝဲပုခုံး၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာ(သေဆုံး)၊ ဦးအောင်နိုင်မိုး(၄၂) နှစ်တွင် ယာချိုစောင်း၊ ယာတံတောင်ဆစ်၊ ကျော ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)၊ ဦးသောင်းစိန်(၅၀)နှစ်တွင် နောက်စေ့၊ ယာလက်၊ ကျောကုန်း ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)၊ မောင်နိုင်နိုင်ထွန်း(၂၃) နှစ်တွင် ယာချိုစောင်း၊ နောက်စေ့၊ ယာလက်၊ ကျောကုန်းပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၁၅ ရက်နေ့ မနက် ၀၉၀၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ နန်းစီးမကျေးရွာ ဘုရားကုန်းအနီးရှိ Mytel တာဝါတိုင်အား နန်းစီးမကျေးရွာ PDF အကြမ်း ဖက်အဖွဲ့ ၆၀ ဦးခန့်က တိုင်အောက်ခြေမှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တာဝါတိုင်မှာ လဲကျ ပျက်ဆီးခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၁၅ ရက်နေ့ ၁၇၃၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ တုံစီ ကျေးရွာအနီး အင်းတော်-ဗန်းမောက်သွား ကားလမ်းပေါ်ရှိ နမီးချောင်းအား ဆက်သွယ် ဖောက်လုပ်ထားသည့် တုံစီတံတားအား PDF အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းသိရှိရ။

-ဇွန်လ ၁၅ ရက်နေ့ ၁၂၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုး ကျေးရွာအနီး မြင်းခြံ-တောင်သာသွား ကားလမ်းဘေး၌ လက်လုပ်မိုင်းထောင်ထားကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံ-တောင်သာသွား ကားလမ်းဘေး၌ လက်လုပ်မိုင်း ၆ လုံး၊ ဆိုင်ကယ်ဘတ္ထရီအိုး ၄ လုံး၊ ဝါယာကြိုးခွေ ၁ ခွေတို့အား သိမ်းဆည်းရမိခဲ့ပြီး အဆိုပါပစ္စည်းများအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ။