ကမ္ဘာ့အဆင့် မြင့်တက်လာတဲ့ ပေါ်တူဂီနဲ့ စပိန်

အောက်တိုဘာလအတွက် နိုင်ငံ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းတွေရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ထုတ်ပြန်ခဲ့ရာမှာတော့ ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့က ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေတိုးတက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၆နဲ့ ၈ တို့မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ခဲ့တဲ့ အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေအရ အာဂျင်တီးနားအသင်းက အဆင့် ၁၊ ပြင်သစ်အသင်းက အဆင့် ၂၊ ဘရာဇီးအသင်းက အဆင့် ၃၊ အင်္ဂလန်အသင်းက အဆင့် ၄၊ ဘယ်လ်ဂျီယံအသင်းက အဆင့် ၅ နဲ့ အပြောင်းအလဲမရှိ ရပ်တည်လျက်ရှိကြောင်း သိရှိရပါတယ်။