ကမ္ဘာလှည့်ခရီးသွားနှင့် စီးပွားရေးအခွင့်အလမ်းများမြှင့်တင်

ကမ္ဘာလှည့်ခရီးသွားနှင့် စီးပွားရေးလုပ်ငန်းအခွင့်အလမ်းများ မြှင့်တင်စေရန် MAI လေကြောင်းလိုင်းနှင့် စီးပွါးရေး မိတ်ဖက်များဖြစ်သည့် IMCC (India Myanmar Chamber of Commerce)၊ IAM (Indian Association of Myanmar)၊ MAM (Malaysian Association of Myanmar) နှင့် SAM (Singapore Association of Myanmar)တို့အကြား မဟာဗျူဟာမြောက်စီးပွားဖက် သဘောတူညီချက်ကို ဇွန် ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်း International BusinessCenter (IBC) ရှိ Cabin 88-Restaurant & Lounge ၌ လက်မှတ်‌ရေးထိုးခဲ့ကြောင်းသိရပါတယ်။