အာရှအမျိုးသမီး ယူ၂၀ ခြေစစ်ပွဲဝင် တရုတ် အမျိုးသမီး ယူ၂၀ အသင်း ရန်ကုန်သို့ရောက်ရှိ

အာရှအမျိုးသမီး ယူ၂၀ ခြေစစ်ပွဲဝင် တရုတ် အမျိုးသမီး ယူ၂၀ အသင်းသည် ပြိုင်ပွဲဝင်ရန်အတွက် ယနေ့ (ဇွန်လ ၃ ရက်) မနက်ပိုင်းတွင် ရန်ကုန်မြို့သို ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။

အဆိုပါ တရုတ်အမျိုးသမီး ယူ ၂၀ အသင်းသည် ပွဲဦးထွက်အဖြစ် ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ တရုတ် (တိုင်ပေ) အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။