ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ ပြည်သူ့စစ်များကို လက်နက်နဲ့ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့

နိုဝင်ဘာလ ၁၄ ရက်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်နဲ့ စားသောက်ဖွယ်ရာတွေ ထောက်ပံ့ပေးအပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ကန့်ဘလူမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း တပ်ဖြန့်ချထားနေပြီး တပ်မတော်စစ်ကြောင်းတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး အကြမ်းဖက် PDF တွေကို ချေမှုန်းနေပြီလို့လည်း သိရပါတယ်။