မြန်မာနဲ့ရုရှားတို့ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်တဲ့ TTX လေ့ကျင့်ခန်းစပြီ

မြန်မာနဲ့ ရုရှားတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ အာဆီယံအပေါင်း နိုင်ငံများ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်း ပူးပေါင်း Table Top Exercise လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက Park Royal Hotel (နေပြည်တော်) မှာ ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ညှိနှိင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က (Touch Screen) စက်ခလုပ်နှိပ် ဖွင့်လှစ် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရပါတယ်။
.TTX လေ့ကျင့်ခန်းသို့ အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်လေ့ကျင့်လျက်ရှိကြောင်းလည်းသိရပါတယ်။