မူဆယ်မြို့ ၌ အကြမ်းဖက်သမားများ၏ ဗုံးဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူများအား တပ်မတော်က ထောက်ပံ့ငွေနှင့် စားစရာများ ထောက်ပံ့

နိုဝင်ဘာလ ၁၄ ရက်တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ Top One မိုတယ်အနီး အကြမ်းဖက်သမား (၂) ဦးက ဆိုင်ကယ်ဖြင့်လာရောက်၍ ဗုံးပစ်ပေါက်မှုကြောင့် –
(၁) ဦးကျိန်ကျာရှုး (ပြည်သူ့စစ်) (စိုးရိမ်ရ)
(၂) ဦးညီညီမျိုး (ဒေသခံ) (မစိုးရိမ်ရ)
(၃) မောင်နေမျိုးအောင် (ဒေသခံ) (မစိုးရိမ်ရ)
(၄) မောင်သန့်ဇင်ဖြိုး (ဒေသခံ) (မစိုးရိမ်ရ)
(၅) မကျန်းရွှေချမ်း (ဒေသခံ) (မစိုးရိမ်ရ)
(၆) မအေးခမ်း (ဒေသခံ) (မစိုးရိမ်ရ)
(၇) မရတနာထွန်း (ဒေသခံ) (မစိုးရိမ်ရ)တို့ ဒဏ်ရာများရရှိခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ထိခိုက်ဒဏ်ရာ ရရှိသူများကို ထောက်ပံ့ငွေနှင့် စားစရာများ ထောက်ပံ့ခဲ့တယ်လို့ သိရှိရပါတယ်။