ကဆုန်လပြည့်နေ့တွင် မဟာမင်္ဂလာအခမ်းအနားများအပိုင်းငါးပိုင်းခွဲ၍ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပမည်

ယခင်နှစ်များက ကဆုန်လပြည့် ဗုဒ္ဓနေ့ရောက်တိုင်း မဟာဗောဓိပင်တော်များကို ညောင်ရေသွန်းလောင်းသည့် အစီအစဉ် တစ်ခုကိုသာ အစဉ်အလာအနေဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုနှစ်တွင် သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်း၊ ဆီမီးတိုင်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်းနှင့် ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်းဟူ၍ အပိုင်းငါးပိုင်းခွဲပြီး နိုင်ငံတော်အဆင့်နှင့် အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်..။