၂၀၂၃ အာရှ (ယူ-၂၀) ချန်ပီယံရှစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် (ယူ-၂၀) လူစာရင်းထုတ်ပြန်

ဒီနေ့မှာတော့ အာရှ (ယူ-၂၀) ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် (ယူ-၂၀)အသင်း ကစားသမားစားရင်းကို နည်ပြချုပ်ဦးစိုးမြတ်မင်း ကထုတ်ပြန်လိုက်ပီဖြစ်ပါတယ်။

ဦးစိုးမြတ်မင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လကကျင်းပခဲ့သည့် ၂၀၂၂ အာဆီယံ (ယူ-၁၉) ချန်ပီယံရှစ်ပြိုင်ပွဲ၊ ဩဂုတ်လအတွင်း ကျင်းပခဲ့သည့် ဗီယက်နမ်(၄)နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ကစားသမားအသစ်များ ခေါ်ယူလေ့ကျင့်ပြင်ဆင်ကာ ခြေစမ်းပွဲများကစားခဲ့ပြီး ယခုအပြီးသတ်ကစားသမား (၂၃) ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ

ဂိုး- အောင်ပြည့်ဖြိုး၊ ဟိန်းထက်စိုး၊ ထက်အာကာဝင်း

နောက်တန်း – လန်းဆန်းအောင်၊ ထွန်းထွန်းသိန်း၊ ခန့်ဇင်ဟိန်း၊ ခွန်အောင်စိုး၊ လာဘ်ဝေဘုန်း၊ ကောင်းထက်ပိုင်၊ ကိုးသန်းဇော် ၊ ဟိန်းဇော်နိုင်

အလယ်တန်း- စောသန်းကိုသန်း၊ ချစ်အေး၊ သာယာဝင်းထက်၊ လမင်းထွေး၊ မိုးဆွေ၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင်၊ အာကာကျော်၊ ရဲရင့်ဖြိုး

ရှေ့တန်း – စွမ်းထက်၊ သန်းတိုးအောင်၊ သိန်းဇော်သီဟ တို့ပါဝင်လာခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ၂၀၂၃ အာရှ (ယူ-၂၀) ချန်ပီယံရှစ်ပြိုင်ပွဲခြေစစ်ပွဲစဉ်များအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် တရုတ်၊ စက်တင်ဘာ (၁၂) ရက်တွင် ဥဇဘက်ကစ္စတန်၊ စက်တင်ဘာ (၁၆) ရက်တွင် ဆော်ဒီအာရေးဗျ၊ စက်တင်ဘာ (၁၈) ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားဖြစ်ပါတယ်။

#WESports