ရေကြောင်း/လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် လေ့ကျင့်ပေးလျက်ရှိ

တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၅ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့သိရပါတယ်။