မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ဘယ်လောက်ကောင်းထားပြီလဲ🌷

သဘာ၀က တုံ့ပြန်လာမယ့်
ကိုယ့်ရဲ့ဆိုးမွေ ကောင်းမွေတွေကို
လက်မခံချင်လို့ လုံး၀မရပါဘူး ။

ဆိုးတာတွေမရစေဖို့အတွက်
ကိုယ်ဘယ်လောက်
ကောင်းအောင်နေဖြစ်လဲဆိုတာက
ကိုယ့်အတွက် အရေးကြီးတယ် ။

ကောင်းတာတွေ ရစေဖို့အတွက်
ကိုယ်ဘယ်လောက်ကောင်းအောင်
လုပ်ထားပြီးပြီလဲလို့ မေးသင့်တယ် ။

အလုပ်ကံက မကောင်းရင်း
မကောင်းတဲ့ရလာဒ်ကထွက်မှာပါပဲ ။

ကံတရားရဲ့စီမံချက်တွေဟာ
မတရားဘူးလို့ စွပ်စွဲပြောလို့မပါဘူး ။

နံရံကို ဘောလုံးနဲ့ ပုတ်သလိုပဲ
ကိုယ်ပုတ်သလောက်
ကိုယ့်ဆီပြန်လာမှာသေချာပါတယ် ။

မကောင်းကျိုးကို မလိုချင်ဘူး
ကောင်း‌ကျိုးကိုမှ လိုချင်တယ်ဆိုရင်

ကိုယ့်ဘက်က အစွမ်းကုန်အောင်
ကောင်းထားကြဖို့ လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏