အကြမ်းဖက်သမားများခေတ္တထိန်းချုပ်ထားသည့်နေရာအား ပြန်လည်သိမ်းပိုက်

ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ပြီး မုန်းမြို့အတွင်းသို့ အကြမ်းဖက် KNU/PDF များမှ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်သမားများအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုအား ခေတ္တစွန့်ခွာခဲ့ရပြီး ယနေ့မှတော့ တပ်ရင်းဌာနချုပ်နှင့် မုန်းမြို့အား ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။