ငရုတ်ကောင်းမြိုမှ ဂေါရင်ဂျီကျွန်း၊ ကြွေချိုင်သို့ ဆက်သွယ်တည်ဆောက်နေသော ချောင်းဝတံတားတည်ဆောက်မှု ၈၃ ရာခိုင်နှုန်း ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိုနယ်ရှိ ငရုတ်ကောင်းမြိုမှ ဂေါရင်ဂျီကျွန်း၊ ကြွေချိုင်သို့ ဆက်သွယ်တည်ဆောက်နေသော ချောင်းဝတံတားတည်ဆောက်မှု ၈၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရပါတယ်..။ အဆိုပါချောင်းဝတံတားကို ၂၀၂၀ ပြည့်နှစ် မတ်၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည်မှာ ပေ ၁၂၈၀ ရှိ၍ တံတား အမျိုးအစားမှာ အောက်ခံအုတ်မြစ် Bored Pile၊ တံတားကိုယ်ထည် RC Concrete နှင့် တံတားအပေါ်ထည် P.C Girder,RC Girder & RC Slab အမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၈.၄၄ ပေနှင့် ရေလမ်း ကင်းလွတ်အမြင့်ပေ ၄၀ ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။