ထိုင်းဘုရင့်သမီးတော်ချီးမြှင့်တဲ့ Princess Maha Chakri Award (PMCA)ဆုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အေးစုဝင်းက ရရှိသွားတယ်လို့ အဆိုပါဖောင်ဒေးရှင်းရဲ့ ကြေညာထားမှုအရ သိရပါတယ်။
၎င်းဆုကို အာဆီယံ ၁၀ နိုင်ငံနဲ့ အရှေ့တီမောနိုင်ငံတို့က ထူးချွန်ဆရာ၊ဆရာမတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တာဖြစ်ပြီး မြန်မာနိုင်ငံကနေ ၂၀၁၅ ခုနှစ်မှာ ဆရာမ ဒေါ်ရည်မွန်စိုး၊ ၂၀၂၁ ခုနှစ်မှာ ဆရာ ဦးကျော်ဇင်အောင်တို့လည်း ရရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဆရာမ ဒေါ်အေးစုဝင်းဟာ Grade-12 အင်္ဂလိပ်စာပြ ဆရာမတစ်ဦးဖြစ်သလို ကျောင်းသားတွေကို ထူးချွန်စွာပညာသင်ပေးသူလို့လည်း သိရပြီး အဆိုပါဆုကိုတော့ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံ PMCA ညီလာခံမှာ ချီးမြှင့်မှာဖြစ်ကြောင်းနဲ့ ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ရွှေရင်ထိုးတစ်ခု၊ ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သောင်း ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ crd;
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/06/photo_2023-06-29_11-21-44.jpg?resize=640%2C427&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/06/photo_2023-06-29_11-21-45.jpg?resize=640%2C427&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/06/photo_2023-06-29_11-21-46.jpg?resize=640%2C499&ssl=1)