နစကဒုဥက္ကဋ္ဌ ဗထူး တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဧပြီလ ၃ ရက်နေ့တွင် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက် ကြည့်ရှုအားပေးစကားပြာကြားခဲ့ပါတယ်။

ထို့နောက်မှာတော့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဟာ ဗထူး နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များနှင့်တွေ့ဆုံ၍ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရ။