US Open ဖလားကို (၄)ကြိမ်မြောက် ရရှိသွားတဲ့ ဂျိုကိုဗစ်


ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်က မက်ဗီဒက်ဗ်ကို ၆-၃၊ ၇-၆ (၇-၅)၊ ၆-၃ ဖြင့် အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ သြစတြေးလျ Legend တင်းနစ်မယ် မာဂရက်ကော့ရဲ့ ဂရင်းစလင်း ဆုဖလားအများဆုံးစံချိန်ကိုလည်း မီလိုက်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ယူအက်စ်အိုးပင်းမှာ ၄ ကြိမ်မြောက်ဗိုလ်စွဲပြီး အသက်အကြီးဆုံး ဂရင်းစလင်း ချန်ပီယံလည်း ဖြစ်လာပါတယ်။
အသက် (၃၆)နှစ်အရွယ် ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်း ၁၀ ကြိမ်၊ ဝင်ဘယ်လ်ဒန် ၇ ကြိမ်၊ ယူအက်စ်အိုးပင်း ၄ ကြိမ်နဲ့ ရိုလန်ဂါရော့စ် ၃ ကြိမ် ပိုင်ဆိုင်ထားပါတယ်။