နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

     ထိုသို့တွေ့ဆုံရာတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊  ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကိုထမ်းဆောင် ခဲ့ရမှု၊ နိုင်ငံရေးသဘော ထားကွဲလွဲမှုကို နိုင်ငံရေးအရဖြေရှင်းမှုမပြုဘဲ လက် နက်ကိုင် အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည် ငြိမ်အေးချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် ခိုင်ခိုင် မာမာရှိစေ ရေး တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ် ငန်းစဉ်(၅)ရပ်ချ မှတ်၍ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေးမျှော် မှန်း ချက်နှင့် အမျိုးသားရေးမျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ်၊ အာဆီယအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစား ပေးအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ် ငန်းများကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီ ချက်(၅)ရပ် အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်း စဉ်များနှင့်ချိန်ညှိအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့် ပတ်သက် ၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

   တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်တို့သည် တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

      အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင် စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်တာဝန် ရှိသူများ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စား လှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN