RCSS/SSA ဌာနချုပ်တည်ရှိရာ လွိင်တိုင်းလျန်းတံ စေတီတော် ထီးတင်ပွဲ မိုင်းဖုန်းဆရာတော်ကြွရောက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ်တွင်တည်ထားကိုးကွယ်မည့် လွို င်တိုင်းလျန်းတံ စေတီတော် ထီးတင်ပွဲသို မိုင်းဖုန်းဆရာတော် ကြွရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွိင်တိုင်းလျန်းတံ စေတီတော် ထီးတင်ပွဲအား ယမန်နေ့ ဒီဇင်ဘာ (၂၇)ရက် နံနက် (၉)နာရီဝန်းကျင်တွင် ကျင်းပခဲ့ကြခြင်းဖြစ်ပြီး၊ မိုင်းဖုန်းဆရာတော်ကြီးကိုယ်တိုင် ထီးတော်တင်ပေးခဲ့ကြောင်း သိရသည်။
ထီးတော်တင်ပွဲသို RCSS/SSA တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး၊ ဒေသခံပြည်သူ သောင်းနှင့်ချီလာရောက်၍ ဖူးမျှော်ခဲ့ကြကြောင်း သိရသည်။