Halloween Bazaar ကို ရန်ကုန်မြို့ရှိ Times City ၌ ပြုလုပ်ကျင်းပ

ယခင်ကျင်းပနေကျ ဘန်ကောက်ညဈေးများ၏ ပုံစံအတိုင်း ဈေးရောင်းပွဲတော်ကို ကျင်းပနေခြင်းဖြစ်ပြီး အောက်တိုဘာ ၂၈ မှ ၃၀ အထိပြုလုပ်သွားမယ်လို့ သိရပါတယ်.
ဆိုင်ခန်း တစ်ရာခန့် ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ၊ အလှကုန်များ အစားအသောက်များ အဓိကရောင်းချပေးနေသလို.. ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ပြီး လူငယ်အများစု လာရောက်လည်ပတ်၍ အမှတ်တရ ဓာတ်ပုံများ ပျော်ပျော်ရွှင်ရွှင်…ရိုက်ကူးနေကြတာကိုတွေ့ရပါတယ်…