မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် KNLA များနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

အောက်တိုဘာ ၂၈ ရက်
သံတောင်ကြီးမြို့နယ်တွင် လစာပေးပစ္စည်းများအား ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းအား
မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် KNLA တပ်မဟာ (၅) မှ အင်အား ၁၅ ဦးခန့်အား
လုံခြုံရေးတပ်ဖွဲ့ဝင်များက စတင်တွေ့ရှိ၍ ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး
-ရှေ့ထွက်မိုင်း ၄ လုံး
-လက်လုပ်မိုင်း ၇ လုံး
-ဒီတိုနေတာ ၁၁ ခု
-ဝါယာကြိုး ၁၂၀၀ ပေခန့် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု သိရပါတယ်…