CIA က နားရွက်တံထွေးစွတ်တာခံလိုက်ရတဲ့ တရုတ်

မနေ့တုန်းက ရည်မွန် ဆိုတဲ့သူ တပ်တွေလိုက်စစ်နေတဲ့ပုံတွေ တက်လာတာတွေ့ရတယ်။ ပုံတစ်ခုမှာ စိန်ပြောင်းကျင်းထဲက တပ်နံပါတ်လေးပါလာတော့ ရှမ်းတောင်က ဆီဆိုင်မြို့ထဲ ရည်မွန် ရောက်လာသလိုလို ၂ ဖက်လုံးက ရေးတင်ကြတယ်။

အမှန်က ကချင်ပြည်နယ်၊ မံစီဘက်က ပုံပါ။ ပုံမှာပါတဲ့ “ရတခမရ ၄၂၄၊ ဆီဆိုင်မြို့”ဆိုတာက ဆီဆိုင်ကတပ်တွေ မံစီဘက်ကို ရှေ့တန်းဝင်တုန်းက ကဗ္ဗည်းထိုးတာဖြစ်ပြီး ရင်းဌာနချုပ် တပ်တည်နေရာကို ရေးထားတာပါ။ ဆီဆိုင်မြို့ထဲ ရောက်လာတာ မဟုတ်ပါဘူး။

ပြောချင်တာက အခုမှစမယ်…

ထိုင်းနိုင်ငံပိုင် နယ်စပ်မြို့တစ်ခုမှာ လူမသိ/သူမသိ နေနေရတဲ့ ရည်မွန်ဆိုသူက KIA တွေကြီးစိုးတဲ့ မံစီကို ဘယ်လို ရောက်လာတာလဲ? သေချာတာကတော့ မြန်မာပြည်တွင်းက ဖြတ်လာတာ မဟုတ်ဘူး။ သူလာရာလမ်းကြောင်းက ထိုင်းနယ်စပ်မှ တစ်ဆင့် တရုတ်နယ်စပ်၊ တရုတ်နယ်စပ်မှတစ်ဆင့် KIA ဘက်ထဲကို လာတာ။ ဒါဆို တရုတ်အစိုးရက CIA Cell ရည်မွန်ဝင်လာတာ မသိဘူးလား? ယူနန်ပြည်နယ်အစိုးရက မပြောရင် တရုတ်ဗဟိုအစိုးရ မသိနိုင်ဘူး။

KIA ဆိုတဲ့သူပုန်မျိုးက တရုတ်နဲ့ အမေရိကန်ကို ခွထိုင်ပြီး စားသောက်နေတာ။ KIA ခေါင်းဆောင်တွေက တရုတ်နိုင်ငံသားခံယူထားသလို သူတို့ရဲ့ပိုင်ဆိုင်မှုတွေကလည်း တရုတ်ထဲမှာပဲ။ ပြီးတော့ တရုတ်က ထောက်ပံ့တဲ့ လက်နက်၊ ရိက္ခာ၊ ဆေးဝါးကအစ ယူပြီးရပ်တည်နေတဲ့ သူပုန်အဖွဲ့။ အခုလည်း US ရဲ့ CIA Cell ဖြစ်တဲ့ NUG နဲ့ အတိအလင်းပေါင်းပြီး US ထံက အထောက်အပံ့တွေကို ခွစားနေတာ။

အခုလို ရည်မွန်က KIA ထဲရောက်လာတာကတော့ တရုတ်ကို စိန်ခေါ်လိုက်တာပဲ။ တရုတ်ကြီး မသိလိုက်ဘူး ဆိုရင်တော့ တော်တော်ညံ့တယ်လို့ ဆိုရမလိုဖြစ်နေပြီ။ CIA ကတော့ တရုတ်နားရွက်ကို တံထွေးစွတ်ပြသွားတာ လို့ပဲမြင်မိတယ်။

တရုတ်က တန်ပြန်အရေးယူတဲ့အနေနဲ့ KIA ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ထိန်းချုပ်လာလိမ့် မယ်လို့ မြင်ယောင်မိပါသေးတယ်။

KT