PDFများ ‌ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၁၂ လုံးနှင့် ဆက်စပ် ပစ္စည်းများ တွေ့ရှိ

စစ်ကိုင်းတိုင်း မြင်းမူမြိုနယ် ၏ အနောက်ဘက် ၁၁ မိုင် ခန့်အကွာ ဂွေးပင်တောကျေးရွာ ဥတ္တရာရာမဘုန်းတော်ကြီးကျောင်းအခြေပြု ပူးပေါင်းအဖွဲသည် ဂွေးပင်တောကျေးရွာအနီးဝန်းကျင်၌ လှည့်ကင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီခွဲတွင် ဂွေးပင်တောကျေးရွာအထွက် ချောင်းဦး-မြင်းမူကားလမ်း၏ဝဲဘက် နေရာမှ အကြမ်းဖက်အုပ်စု PDF ကထောင် ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၁၂ လုံး၊ Keypad ဖုန်း ၄ လုံး၊ ဆိုင်ကယ်ဘက္ထရီအိုးအသေး ၆ လုံးနှင့် နှစ်ပင်လိမ်ဝါယာကြိုး ၁ ချောင်းတိုအား တွေ့ရှိရသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။