စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တပ်မတော်သားများမှ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေစဉ်

စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အကွက်(၁၁) သာဘန်းလမ်းတွင် အောက်တိုဘာလ ၃၀ ရက် နေလယ် ၁၁ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှု
ဖြစ်ပွားသဖြင့် နယ်မြေခံတပ်မတော်သားများနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅ဝ
မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပါတယ်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ အဆိုပါရပ်ကွက်နေ သန်းအောင်(ခ)အာမတ်တူဆောင်း(၅၆)နှစ်၊ (ဘ)ဦးနာဆီအာမတ်၏
နေအိမ်ရှိ မီတာဘောက် ရှော့ဖြစ်ပွားရာမှ စတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှု မရှိသော်လည်း နေအိမ် ၄ လုံး မီးလောင်
ဆုံးရှုးခဲ့ပြီး မီးဘေးသင့်သူများအား အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများသွားရောက်ပေးအပ်ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူကို ဥပဒေနှင့်အညီ
အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရှိရပါတယ်။