ပျော်ရွှင်မှုရဲ့ အရသာ

အရမ်းပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ဖူးလား။ ပျော်ရွှင်ပါတယ်ဆိုရင် ပျော်ရွှင်မှုရဲ့အရသာကဘယ်လိုလဲ။
ကိုယ်လိုချင်တာ ရလို့ပျော်တယ်။ မရရင် မပျော်တော့ဘူး။ သူ့ကြောင့် ကိုယ်ပျော်ရွှင်ရတယ်။
ကိုယ့်ကြောင့် သူပျော်ရွှင်ရတယ်။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ပျော်ရွှင်နေရဖို့က အရေးကြီးပါတယ်။
တကယ်တော့ ပျော်ရွှင်မှုဆိုတာ နားလဲမှု့ကနေဆင်းသက် လာတာပါ။
နားလဲမပေးနိုင်ရင် ပျော်ရွင်ဖို့ မလွယ်ဘူး ။ လူတစ်ချို့ ပျော်ကြတယ်။ အမှီမရှိပဲ မပျော်တတ်ကြဘူး။
ကိုယ့်ကြောင့် ဖြစ်ပေါ်လာရတဲ့ ပျော်ရွှင်မှု့ဆိုတာ ရှားပါတယ် ။သူများကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှု့တွေက များပါတယ်။
ပျော်ရွှင်​​​ခြင်းဆိုတာ ကိုယ့်မှာ မရှိသလောက်ပါပဲ။ သူများစီကနေ ရရှိတာပါ။
ကိုယ်ဖန်တီးယူထားတဲ့ ပျော်ရွှင်မှု့ဆိုတာ သိပ်သိပ်ကြာကြာ မနေပါဘူး။ ဘုရားဖူးသွားရလို့ ပျော်တယ်၊
စာမေးပွဲအောင်လို့ ပျော်တယ်၊ကိုယ့်ချစ်သူနဲ့ အတူလျှေက်လည် ရလို့ပျော်တယ်၊
ကိုယ်ချစ်ရသူနဲ့ လက်ထပ်ရလို့ပျော်တယ်။ ဒီပျော်ရွှင်မှု့တွေဟာ သူများစီကနေ ကိုယ့်ကို ကူးဆက်​စေတဲ့အပျော်တွေပါ။
စိတ်ညစ်လိုက်တာ၊ ပင်ပန်းလိုက်တာ၊သူများတွေ ကျ ပျော်နေလိုက်တာ ငါ့မှာတော့ စိတ်ညစ်ရာတွေ အများကြီးပဲလို့ ပြောရင်
ကိုယ့်ခံယူချက်တွေ မှားနေလို့ ဖြစ်ပါလိမ့်မယ်။ ကိုယ် စိတ်ညစ်အောင်နေလို့ စိတ်ညစ်နေရ တာပါ။
ရေငတ်နေတဲ့ လူတစ်ယောက်ကို ရေတစ်ခွက်တိုက်လိုက်ခြင်းက ကျေးဇူးကြီးပါတယ်။
ဘာလို့လဲဆိုတော့ သူရေငတ်ပြေသွားလို့ ကိုယ့်ကို ကျေးဇူးတင်စကား​တွေပြောပါလိမ့်မယ်။
ကိုယ်မပျော်ရင်တောင်မှ စိတ်ကျေနပ်မှု့ ရရှိပါလိမ့်မယ်။
ကိုယ်စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့လာတိုင်းမှာ ဒုက္ခရောက်နေတဲ့ လူကို အကူညီပေးလိုက်ပါ။
စိတ်ညစ်စရာလေးတွေ တစ်ဖြေဖြေနဲ့ ပျောက်ဆုံးသွားပါလိမ့်မယ်။ ကိုယ်တစ်ယောက်ထဲ ပျော်နေရတယ်ဆိုတာ ရှားပါတယ်။
သူ့မှာရှိတဲ့ အပျော်က ကိုယ့်စီ ကူးဆက်စေပြီး။ထို့အတူပဲ ကိုယ့်မှာရှိတဲ့ အပျော်ကလည်း သူ့စီကိုရောက်သွားစေနိုင်ပါတယ်။
အဲ့ဒီလို နေ့ရက်တိုင်းကို ကျော်ဖြတ်သွားရင် စိတ်ညစ်စရာလေးတွေ ကင်းသွားပါလိမ်မယ်။
ဒါကြောင့်မို့ ကိုယ့်ပျော်ရွှင်မှု့က သူများစီမှာ ရှိတာပါ။ ကိုယ်ပျော်ရွှင်မှူ့ ရချင်ရင် သူများကို ပျော်ရွှင်အောင်လုပ်ပေးခြင်းအားဖြင့်
ကိုယ်ပျော်ရွှင်ရပါလိမ့်မယ်။ ကိုယ့်မှာ အခက်အခဲ ဒုက္ခရောက်​နေပြီဆိုရင် ကိုယ်မပျော်နိုင်တော့ပါဘူး။
ကိုယ့်မှာရှိတဲ့အခက်အခဲကို ဘယ်သူ့ကြောင့်ဖြစ်စေ ပယ်ပျောက်သွားရင် ကိုယ်ပျော်ရွင်ရပါလိမ့်မယ်။
တစ်ချို့ကျ လူမြင်ကောင်းရုံသက်သက် ပျော်နေတယ်ထင်ရပေမယ့် စိတ်ထဲမှာတော့ မပျော်နိုင်ပါဘူး။
အရမ်းပျော်နေတယ်လို့ ထင်ရတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ နောက်ကွယ်မှာ ဝမ်းနည်းစရာတွေက ဒွန့်တွဲပါနေပါတယ်။
ပျော်အောင်နေလို့ ရပါတယ်။ ပျော်ပျော်နေတတ်သူများလည်း ရှိပါတယ်။ အခက်အခဲဆိုတာ လူတိုင်းမှာ ရှိတယ်။
အခက်အခဲတွေနဲ့ စိတ်ညစ်နေရင် တိုတောင်းလှတဲ့လူ့ဘဝမှာ ဘယ်မှာ ပျော်ရွှင်မှု့ရပါ့မလဲ။
ပျော်အောင်နေကြည့်လိုက်ပါ။ လူ ဘယ်နှစ်ယောက်ကို ပျော်ရွှင်ထားပီးပြီးလဲ။
သူများကို ပျော်ရွှင်အောင်ထားကြည့်ပါ။ကိုယ်လည်း ပျော်ရွင်မှုရဲ့ အရသာကို ခံစားရပါလိမ့်မယ်။