တပ်ယာဉ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၉ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က ပခုက္ကူမြို့မှ ကမ္မမြို့သို့ ရိက္ခာပို့ယာဉ်တန်း ထွက်ခွာရန် ရှေ့ပြေးပွိုင့်အဖြစ်ထွက်ခွာလာသည့် ကား၃ စီးကို ကန်တော်ကျေးရွာအနီးအရောက် မိုင်း ၅ လုံးတွဲတစ်တွဲ၊ ၃ လုံးပွိုင့်တစ်တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံရောက်ရှိသူများအနက် တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၂၂ ရက်နေ့၌ ပခုက္ကူ-ကမ္မလမ်းပိုင်း ကန်တော်ကျေးရွာအနီးတွင် တပ်ယာဉ်တန်းများအား PDF များက မိုင်းဆွဲတိုက်ခိုက်တဲ့ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးတယ်ဆိုပြီး အစဉ်အလာမပြတ် စိတ်ကူယဉ်ဇာတ်လမ်းဆင်ကာ ရေးသားထားခြင်းသာဖြစ်ပါသည်။