နှမဒါစခန်း၏ မြောက်ဘက်၌ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ ၁၅ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ နှမဒါစခန်းနှင့် သူဌေးကုန်းစခန်းကြား
နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှမဒါစခန်း၏ မြောက်ဘက်၌ AA သောင်းကျန်းသူအင်အား ၁၅ ဦးခန့်အား တွေ့ရှိ၍
စတင်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး
-AA သောင်းကျန်းသူအလောင်း ၁ လောင်း
-အမ် (၂၂) ၁ လက်
-ကျည်အိမ် ၃ ခု
-ကျည် ၅၀ တောင့်
-လက်ပစ်ဗုံး ၄ လုံး
-၄၀ မမဗုံးသီး ၃ လုံး
-အာရ်ပီဂျီဒုံးသီး ၁ လုံး
-အာရ်ပီဂျီဒုံးသီး (ပို့ကျည်) ၄ တောင့်
-မိုင်းမျိုးစုံ ၁၁ လုံး
-ကျည်ကာဦးထုပ် ၂ လုံးသိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…