၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် အောင်ချမ်းသာရပ်ကွက်၊ ကန်သာယာမြောက်ဘက်ရှိ ရွှေတောင်တန်း ဟိုတယ် အနီးအရောက်၌ ဟိုတယ်ဘေးရှိ လမ်းကြားအတွင်းမှ PDF ၂ ဦးမှ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ရန် ၎င်းတို့လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ သေနတ်ထုတ်ယူနေသည်ကို မြင်တွေ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဂျူလှိုင်မီး(ခ)ကုလား အား ကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဘေးလွယ်အိတ်အတွင်းမှ Sigsauer အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ
တိုက်ပွဲများအတွင်းဖမ်းဆီးရမိသည့် မျောက်သုံးကောင်တို့၏ လက်နက်/ခဲယမ်း မူးယစ်ဆေးဝါးများ
- Admin
- November 11, 2023
ရှမ်းပြည်နယ်မြောက်ပိုင်းအကြမ်းဖက်သောင်းကျန်းသူမူးယစ်ရာဇာများဖြစ်သည့် MNDAA,TNLA, AA နှင့် KIA အဖွဲ့များသည် ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဖြူချက်လုပ်ခြင်း၊ စိတ်ကြွမူးယစ်ဆေးပြားများထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ခြင်းများပြုလူပ်နေသည့် လူမျိုးရေး၊ပြည်နနယ်အရေး၊ဖက်ဒရယ်နှင့် ဒီမိုကရေစီရရှိရေး လက်နက်ကိုင်တော်လှန်ရေးအမည်ခံ မူးယစ်ဆေးဝါးမှောင်ခိုပြုလုပ်နေသည့် မူးယစ်ရာဇာအဖွဲ့များသာဖြစ်ပါကြောင်း ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် […]
မူးယစ်သားကောင်တွေ ဖြစ်လာတဲ့ သနားစရာ PDF တွေ
- Admin
- January 1, 2024
Nug က မထောက်ပံ့နိုင်၊ မထိန်းချုပ်နိုင်တော့ pdf တွေဟာ ကိုယ့်ဘဝရပ်တည်နေနိုင်ဖို့အတွက် ငွေကို မရ ရတဲ့နည်းမျိုးစုံနဲ့ ရှာကြတယ်။ သူတို့မှာ တရားတယ်၊ မတရားဘူး ဆိုတာ […]
မဲဆောက်တွင် ဆေးလာကုသည့် PDF ရဲဘော်သုံးဦးကို ထိုင်းလ၀က ဖမ်းဆီး၊ BGF ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်
- Admin
- April 5, 2023
မဲဆောက်တွင် ဆေးလာကုသည့် PDF ရဲဘော်သုံးဦးကို ထိုင်းလ၀က က ဖမ်းဆီးကာ BGF ထံသို့ ပြန်လည်ပို့ဆောင်သဖြင့် လက်ရှိ ဖမ်းဆီးခံနေရကြောင်းကို အကြမ်းဖက်များနှင့်ဆက်သွယ်နေသူများထံမှသူများထံမှ သိရသည်။ အဆိုပါ […]