ပီအက်စ်ဂျီနဲ့ ပြင်သစ်စူပါစတား အမ်ဘာပေ ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုး တော့မှာမဟုတ်ဘူးလို့ အသင်းကို အသိပေးလိုက်တယ်လို့ သတင်းတွေ ပေါက်ကြားလာခဲ့ပါတယ် ၂၀၂၄ ဇွန် လမှာ စာချုပ်သက်တမ်းကုန်မယ့် ဘာပေရဲ့ စာချုပ်ကြောင့် ပီအက်စ်ဂျီ အနေနဲ့ ခေါင်းခဲရမယ့် ကိစ္စ ဖြစ်လာခဲ့ပြီ ၂၀၂၄ မှာ အလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုမလား လက်ရှိ စာချုပ် သက်တမ်းကျန်နေတဲ့အချိန်မှာ စျေးကောင်းကောင်းနဲ့ ရောင်းချမလား ဆိုတာကို ဆုံးဖြတ်ရမယ့်သဘောပါပဲ မက်ဆီ ထွက်ခွာမှု နေမာရဲ့ အနာဂတ်မရေမှုတွေ အကြား အမ်ဘာပေ ရဲ့ ချိန်သားကိုက် သတင်းတွေ ထွက်ပေါ် လာမှုက ပီအက်စ်ဂျီ ကို အတော်လေး အကြပ်ရိုက်စေမှာပါ ပီအက်စ်ဂျီမှာ အခွင့်ထူးတွေ ရရှိနေသည့်တိုင်အောင် ကစားသမားဘဝအောင်မြင် မှုအတွက် အသင်းက ထွက်ခွာဖြစ်မယ်ဆိုရင်တော့ အမ်ဘာပေကို ဘယ်အသင်းတွေ ခေါ် ယူမလဲစောင့်ကြည့်ရမှာ ပါ ဒါအပြင် ဘာပေ သာထွက်ခွာမယ်ဆိုရင် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်လာနိုင်တာကြောင့် ပါဝင်ပါတ်သက်နိုင်မယ့် ကလပ်အသင်းကလည်းများများစားစားမရှိပါဘူး စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့ ပုံပြင်ပဲ ဖြစ်ပါတယ်။
ဆက်စပ်အကြောင်းအရာများ
ဧပြီလ ၄ ရက်နေ့မှုခင်းသတင်းများ
- Admin
- April 5, 2024
-ဧပြီလ ၃ ရက် ၁၆၁၅ နာရီတွင် ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနေ ဦးကျော်ကျော်(၅၄)နှစ်သည် တောင်စွန်းကျေးရွာ၊ ရွှေကန်တောင်ရပ်ကွက်ရှိ လ္ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ် အကြမ်းဖက်အဖွဲ့ ၅ ဦးမှ […]
နိုဝင်ဘာ ၁၁ ရက်နေ့မှုခင်းသတင်းများ
- Admin
- November 11, 2023
-နိုဝင်ဘာ ၁၀ ရက် ၁၇၂၅ နာရီတွင် မိုးကောင်းမြို့နယ်၊ ကဝါးယံကျေးရွာတွင် နေထိုင်သည့် ဦးနော်ဆန်း(၃၀)နှစ်၊ မဖော်ယမ်ကော(၃၀)နှစ်နှင့် မခေါန်ဒင့်(၃၂)နှစ်တို့ ၃ ဦးသည် ကဝါးယံကျေးရွာ အနောက်တောင်ဘက်ရှိ […]
သပြေညိုသတင်းလွှာအတွက် အလှူငွေကောက်ခံသူ ၂ ဦးနဲ့ စစ်ရေးသတင်းပေးပို့သူ ၄ ဦး ဖမ်းဆီးခံရ
- Admin
- June 29, 2023
မန္တလေးမြို့အခြေစိုက်ပြီး လခရတွေရဲ့ မြေပြင်လှုပ်ရှားမှုသတင်းကို စုစည်းဖော်ပြပေးနေတဲ့ သပြေညိုသတင်းလွှာ Facebook Page အတွက် အလှုငွေကောက်ခံပေးသူ ၂ ဦးနဲ့ လခရတပ်တွေရဲ့ နယ်မြေလှုပ်ရှားမှုသတင်းတွေ ပေးပို့နေတဲ့ ၄ […]