မတ္တရာမြို့နယ်၌ ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးအား PDF အကြမ်းဖက် သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆယ်ပယ်ရွာမှာ ယမန်နေ့ (မေလ ၂၇ ရက်) ညပိုင်းက နေအိမ်သို့ အလည်အပတ်ပြန်လာတဲ့ ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး အောင်ကျော်မျိုးကို NUG လက်ပါးစေ PDF အကြမ်းဖက်သမားများက နေအိမ်ထဲအထိဝင်ရောက်ကာ သေနတ်နဲ့ ၈ ချက် ပစ်ခတ်ခဲ့တဲ့တွက် အခင်းဖြစ်တဲ့နေရာမှာပင် သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။