၂ ရက်အတွင်း ကျောင်းအပ်နှံသူ ၄ သန်းကျော်ရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသတင်းပတ် ဒုတိယနေ့ဖြစ်သော ယမန်နေ့ (မေ ၂၄ ရက်)တွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ (၂) သန်းကျော် (၂၇၃၀၃၂၃) ဦး လာရောက်၍ ကျောင်းအပ်နှံခဲ့ကြကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယခု မေလ ၂၃ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံခဲ့ခြင်းဖြစ်ရာ အဆိုပါ မေ ၂၃ ရက်တွင် ကျောင်းအပ်နှံသူ ၁ သန်းကျော် (၁၃၄၃၀၃၇) ဦး လာရောက်၍ ကျောင်းအပ်ခဲ့ကြပြီး ၂ ရက်အတွင်း ကျောင်းအပ်နှံသူ ၄ သန်းကျော် (၄၀၇၃၃၆၀) ဦးရှိခဲ့ကြောင်း သိရှိရပါတယ်။

crd