ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရှေ့သို့ချီပါတီ( Move Forward Party)သည် ရွေးကောက်ပွဲရလဒ်များထွက်ပေါ်လာပြီးနောက် ၃ ရက်အကြာ မေလ ၁၇ ရက်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန်အတွက် အခြားပါတီ ၅ ခုနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ထိုင်းအစိုးရသစ်ကို လာမည့်ဇူလိုင်လတွင်ဖွဲ့စည်းမည်ဖြစ်ရာ ရွေးကောက်ခံအောက်လွှတ်တော်နှင့်ခန့်အပ်ခံအထက်လွှတ်တော်နှစ်ရပ်ပေါင်း၍ ဝန်ကြီးချုပ်အား မဲပေးရွေးချယ်ကြမည်ဖြစ်ပါတယ်။ Move Forward ပါတီအနေဖြင့်လည်း ထိုင်းဘုရင်စနစ်ကိုအကြည်အညိုပျက်စေလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ထိုင်းတော်ဝင်မိသားစု အကာအကွယ်ပေးရေးဥပဒေကို ပြင်ဆင်ရန် အဆိုပြုထားပါတယ်။ ဒါကြောင့် အထက်လွှတ်တော်အမတ်များက ၎င်းတို့အနေဖြင့် .ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုအန်ရတ်(Pita Limjaroenrat) အား ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးမည်မဟုတ်ဟု ရွေးကောက်ပွဲအနိုင်ရလဒ်ထွက်ပေါ်လာပြီးနောက် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မာဒါဂတ်စကာမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူသေဆုံးမှုများပြား
- ရှင်ယွန်း
- February 1, 2023
မာဒါဂတ်စကာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ချန်နီဆို လို့ အမည်ပေးထားတဲ့ ပြင်းထန်တဲ့ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့ပြီး ကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာ ရက်အတန်ကြာ တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူပေါင်း နှစ်ဒါဇင်ကျော် […]
မိန်းပြည်နယ်က သေနတ်သမား ကိုယ့်ကိုကိုယ် သတ်သေ
- Admin
- October 28, 2023
အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တယ်လို သံသယရှိသူ အမျိုးသားကို သုံးရက်ကြာ ရှာဖွေပြီးနောက် ကိုယ့်ကိုကိုယ်သတ်သေပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း […]
ဘင်္ဂလားဒေရှ့်နိုင်ငံသမိုင်းတစ်လျှောက် သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ့် ရှိတ်ဟာစီနာ
- ရှင်ယွန်း
- January 8, 2024
ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေရှ့်အထွေထွေရွေးကောက်ပွဲမှာ ဘင်္ဂလားဒေရှ့်အာဏာရပါတီ အေဝါမီလိဂ်ပါတီက အနိုင်ရသွားတဲ့အတွက် ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်ခွင့်ရရှိသွားခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၇ […]